May 16
Digg
Stumbleupon
Technorati
Delicious

REBTEL: Free Call to Myanmar & China

Rebtel

 

REBTEL Promotion: Free Calling to Myanmar & China

 

REBTEL က သဘာဝဘေးဒဏ် ခံခဲ့ရတဲ့ တရုပ်ပြည်နဲ့ မြန်မာပြည်ကို Promotion အနေနဲ့ 22nd June အထိ အခမဲ့ ဖုန်းခေါ်ခွင့် ပေးထားပါတယ်။ တခြား VOIP Service တွေလို ဘာ software မှ install လုပ်စရာ မလိုပဲ ကိုယ့်ရဲ့ mobile phone ကနေ လှမ်းခေါ်ရုံပါပဲ။

REBTEL ကို သုံးဖို့ ပထမ ကိုယ့် hp no. နဲ့ a/c register လုပ်ပြီးရင် မြန်မာပြည်ကနံပါတ်ကို contact မှာ ဖြည့်ရပါတယ်။ အဲဒီအခါ သူက Local Ph No. တစ်ခုကို sms ပို့ပေးပါတယ်။ အဲဒီဖုန်းနံပါတ်ကို လှမ်းခေါ်လိုက်ရင် ခုနက ကိုယ် ခေါ်ချင်တဲ့ မြန်မာပြည်က နံပါတ်ဆီ တိုက်ရိုက်လှမ်းခေါ်ပေးပါတယ်။ စမ်းကြည့်တာ လိုင်းက သိပ်မကြည်ပေမဲ့ မြန်မာနိုင်ငံကို မိနစ် ၁၄၀ အခမဲ့ ခေါ်လို့ရတော့ မဆိုးပါဘူး။ အဲလို ခေါ်တဲ့အတွက် IDD free ပေမဲ့ ကိုယ့်ဖုန်းမှာတော့ Local Call အတိုင်း Charges တက်ပါတယ်။ အဲဒါကလည်း သိပ်ပြဿနာမရှိပါဘူး။ အိမ်ဖုန်းကနေ ခေါ်လို့ရပါတယ်။

အဲဒီ REBTEL ကနေ တခြား နိုင်ငံတွေကို ခေါ်ချင်ရင်တော့ Credit ဖြည့်ပြီး ဈေးပေါပေါနဲ့ ခေါ်လို့ရပါတယ်။ Credit မဖြည့်ချင်ရင် သူပေးတဲ့ Free 10 min ပဲ ခေါ်နိုင်တယ်။ သူငယ်ချင်းတွေကို invite လုပ်လို့ သူတို့လဲ REBTEL ကို သုံးလာရင်တော့ ကိုယ့်ကို invitation bonus 10 min ဖြည့်ပေးပါတယ်။ (လောလောဆယ် invite လုပ်ထားတဲ့ထဲက ၆ယောက်က REBTEL သုံးလို့ Free 60 mins ရထားတယ်) ကိုယ့်သူငယ်ချင်းက REBTEL Countries ၄၇ နိုင်ငံထဲမှာ နေပြီး REBTEL No. တစ်ခုယူထားရင် အဲဒီ နံပါတ်တွေနဲ့ အချင်းချင်း mobile ကနေ Smart Call သုံးပြီး  free ပြောလို့ရပါသေးတယ်။  


Author: မေ
May 04
Digg
Stumbleupon
Technorati
Delicious

စာနာတတ်သူမို့ (မီမီဝင်းဖေ)

နွေးထွေးတဲ့ အပြုံးလေးများနဲ့ ရင်ထဲက
သောကများ ဝေးလွင့်သွားအောင် ဖယ်ရှားပေးတယ်
နူးညံ့တဲ့ မင်းကလေး အပြုံးကို ရွှေချသိမ်းထားချင်တယ်
ကြမ်းတမ်းတဲ့ ကိုယ့်ရဲ့လက်ကို အတူတွဲလို့
ခြောက်သွေ့တဲ့ ကိုယ့်ဘဝကို ဝင်လာရဲတဲ့
အကြင်နာတွေအတွက် ကျေးဇူးပါပဲကွယ်

အေးချမ်းတဲ့ အားပေးစကားတွေ ရင်ထဲရောက်
နှလုံးသားထဲ စီးဆင်းသွားအောင် ချိုလွန်းလို့ကွယ်
ပြောတတ်တဲ့ နှုတ်ခမ်းပါးလေးကို ရွှေချသိမ်းထားချင်တယ်
အခက်အခဲနဲ့ အတားအဆီးများကို ကျော်ဖြတ်ဖို့
စွမ်းအားတို့ ဖြည့်လို့ ပေးတဲ့ အချစ်ဆုံးလေး
စေတနာတွေအတွက် ကျေးဇူးပါပဲကွယ်

ကျေးဇူးပဲ အချစ်ရယ် … ကျေးဇူးပဲ …
မင်းလေး မင်းလေးရဲ့ မေတ္တာတွေ
တို့ ရင်ထဲမှာ အေးလိုက်နွေးလိုက်နဲ့
အချစ်လေးရယ် ဆွေးရအောင်တော့
ဝေးဖို့ မစဉ်းစားပါနဲ့ကွယ်

အမြဲတမ်းပဲ မင်းရဲ့အနားမှာ အရိပ်ကလေးအဖြစ်
စောင့်ရှောက်ခွင့်ပြုတော့ အချစ်ရယ် တစ်သက်လုံးပေါ့
ကိုယ့်ဘဝနဲ့ ကိုယ့်ရဲ့အချစ်ကို သိပ်ပြီးသိတတ်သူမို့
ကိုယ့်ရဲ့နှလုံးသားထဲက လမင်းလေးလို
အလင်းတန်းများပေးလို့ ကိုယ့်ကို စာနာလွန်းတဲ့
ကြင်နာသူရယ် ကျေးဇူးပါပဲကွယ်

စာနာတတ်သူမို့ (မီမီဝင်းဖေ)

 


Author: မေ
Apr 30
Digg
Stumbleupon
Technorati
Delicious

Can I ?

ဘယ်တော့မှ ပြန်ရမယ်မှန်း မသိတဲ့ အရင်က ပျော်ရွှင်ဘူးခဲ့တဲ့ အချိန်တွေကို ပြန်လိုချင်နေမိတယ်။
 

  အတူတူ လျှောက်သွားခဲ့ကြတဲ့ ရက်တွေတိုင်းမှာ အချိန်တွေ ရပ်တန့်နေခဲ့တယ်။
 

ကော်ဖီ မကြိုက်ပေမဲ့ ကော်ဖီဆိုင် ထိုင်ပြီး ကော်ဖီ တစ်ခွက်လောက် တူတူ သောက်ချင်ပါသေးတယ်။


Author: မေ
Apr 21
Digg
Stumbleupon
Technorati
Delicious

The Leap Years Movie

 

ဒီကားလေးကို ပြီးခဲ့တဲ့အပတ် စနေက Jurong Point GV မှာ သူငယ်ချင်း ပြလို့ သွားကြည့်ဖြစ်ပါတယ်။ ရုံတင်တာ 29th Feb ကဆိုတော့ ကြည့်မဲ့လူလဲ မရှိတော့ပဲ ရုံထဲမှာ လူ ၈ယောက်ပဲ ရှိပြီး အေးအေးဆေးဆေး ကြည့်ရတယ်။ The Leap Years က ရှားရှားပါးပါး Singapore local MediaCorp က ကားပါ။ ဒီက ရိုက်တဲ့ ရုပ်ရှင်တွေ သိပ်မကြည့်ဖူးဘူး။ ထွက်လဲ သိပ်မထွက်ပါဘူး။ တစ်နှစ်ကို မြန်မာပြည်လောက်တောင် မထွက်ဘူးထင်တယ်။ ဒီကားလေးကိုတော့ Trailer  ကြည့်ရကတည်းက စိတ်ဝင်စားနေမိတယ်။ ထုံးစံအတိုင်း အင်တာနက်ပေါ်မှာ ဒေါင်းလုပ်လိုက်ရှာသေးတယ်။ မတွေ့တော့ သူငယ်ချင်းကလည်း အရမ်းကြည့်ချင်တယ်ဆိုတာနဲ့ ရုံမှာ သွားကြည့်ဖြစ်ကြတယ်။

ဇာတ်လမ်းကတော့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ မှတ်မိသလောက် နည်းနည်းပြောကြည့်ဦးမယ်။ မင်းသမီး Li-Ann က သူ့ရဲ့ ၂၄နှစ်ပြည့်မွေးနေ့ Feb 29th မှာ ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ ထိုင်နေတဲ့ မင်းသား Jeremy ကို အမှတ်မထင် တွေ့ပြီး အရင်ကတည်းက သူ့စိတ်ကူးနဲ့ ပန်းချီရေးထားတဲ့ လူနဲ့ တူနေတာမို့ စိတ်ဝင်စားသွားပါတယ်။ ဒါနဲ့ Irish တွေရဲ့ Feb 29 custom ကို အသုံးချပြီး date လိုက်တော့ မင်းသားက ပြန်လက်ခံပြီး ညကျတော့ တူတူလျှောက်သွားပြီး ခင်သွားကြပါတယ်။ (Irish တွေရဲ့ ထုံးစံက Feb 29th မှာ မိန်းကလေးတစ်ယောက်က date လုပ်လာရင် ယောကျာ်းလေးက မငြင်းပဲ လက်ခံပေးရတယ်တဲ့။) အဲဒီညမှာပဲ သူတို့နှစ်ယောက် နောက်ထပ် Leap Year ကိုရောက်ရင် ဒီအချိန် ဒီနေရာမှာပဲ ပြန်တွေ့မယ်လို့ ကတိပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ဒုတိယ Leap Year မှာ Jeremy ဆီက သူ့မှာ သမီးလေး တစ်ယောက် ရှိတယ်ဆိုတဲ့ စကားကို ကြားလိုက်ရတော့ Li-Ann က ချစ်ပေမဲ့ နောက်ထပ်မတွေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ တတိယ Leap Year မှာ Li-Ann က မျှော်လင့်ချက် မကုန်သေးပဲ အဲဒီ ကော်ဖီဆိုင်လေးနားကို ညတော်တော်နက်မှ ကားနဲ့ဖြတ်ရင်း ကြည့်လိုက်တော့ Jeremy ထိုင်စောင့်နေတာ တွေ့တော့ မုန့်ဝယ်သလိုနဲ့ ဆုံအောင် ဖန်တီးပြီး သူ အိမ်ထောင်ကျနေပြီ၊ ကလေးတစ်ယောက်လဲ ရနေပြီလို့ ညာပြောလိုက်ပါတယ်။ ဒီလိုနောက် နောက်ထပ် Leap Year မှာတော့ Li-Ann က တခြားတစ်ယောက်နဲ့ မင်္ဂလာဆောင်တော့မယ် လုပ်ပြီးမှ သူ့သူငယ်ချင်း KS ကြောင့် Jeremy ရှင်းပြထားတဲ့စာကို မင်္ဂလာခန်းမထဲ အချိန်မီ ဖတ်လိုက်ရပြီး မင်္ဂလာပွဲ ဖျက်ပြီး Jeremy နဲ့ ပြန်ပေါင်းထုတ်ကြတဲ့ အကြောင်းပါ။ ဒီဇာတ်လမ်းကို အသက် ၄၈ နှစ်အရွယ်ရောက်နေတဲ့ Li-Ann ၊ ဆေးရုံပေါ်မှာ coma နဲ့ မျောနေတဲ့ Jeremy ၊ နားလည်မှုလွဲနေတဲ့ Jeremy ရဲ့ ပထမအိမ်ထောင်နဲ့ရတဲ့ သမီးတို့ကို စပြပြီး ၄နှစ်စာဆီ တစ်ခါ နောက်ကြောင်းပြန်ပြန်ပြီး ရိုက်ပြသွားပါတယ်။ နောက်ဆုံးကျတော့ Feb 29th မှာ ဆေးရုံပေါ်မှာ မြောနေတဲ့ Jeremy လဲသတိပြန်လည်လာပြီး သူ့သမီးနဲ့ Li-Ann လဲ အဆင်ပြေပြီး Happy Ending နဲ့ အဆုံးသတ်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်ရေးလိုက်တာ တော်တော်ရှည်သွားတယ် ထင်တယ်။ ငယ်ငယ်ကတည်းက မြန်မာစာဖြစ်ဖြစ်၊ အင်္ဂလိပ်စာဖြစ်ဖြစ် summary ရေးခိုင်းရင် ဘယ်တော့မှ အမှတ်မကောင်းဘူး။ အခုလဲ ရေးသားရေးလိုက်တာ ဇာတ်လမ်းကို ခြုံမိမယ်မထင်ဘူး။ ဒီထက်အတိုချုပ်ရရင် မင်းသားနဲ့ မင်းသမီး Feb 29 မှာတွေ့ပြီး နောက် ၁၂ကြာတော့ ညားလေသတည်း လို့ပြောရမယ် ထင်တယ်။

ဇာတ်လမ်းကတော့ သိပ်မဆန်းပါဘူး။ ရိုက်ထားတာလေးတော့ မဆိုးပါဘူး။ Local ကားပေမဲ့ ဒီကားက တခြားကားတွေထက် နည်းနည်းအဆင့်ပိုမြင့်လာသလိုပဲ။ ကားထဲမှာ အင်္ဂလိပ်စကားပြောကြတာလဲ ကောင်းပါတယ်။ ရိုက်ချက်တွေလဲ ပုံမှန်မြင်နေကြ ရှုခင်းမျိုးတွေ၊ ရိုက်ကွက်တွေ မဟုတ်ပဲ နည်းနည်းဆန်းနေတယ်။ Singapore ရဲ့ HDB စာကလေးသိုက်လေးတွေ မမြင်လိုက်ရဘူး။ ဒါပေမဲ့ မပါမဖြစ် Esplanade နဲ့ Riverside ကတော့ ပါလိုက်ပါတယ်။ ရိုက်ထားတာလေး ကောင်းတယ်ဆိုပြီး ကြည့်လိုက်တော့ Director of Photography က ဟောင်ကောင်က ဖြစ်နေပါတယ်။ ခြုံပြောရရင် international ကားတွေနဲ့ မယှဉ်ပဲ local movie အနေနဲ့ ကြည့်ရင် တော်တော်ကောင်းတဲ့ အချစ်ကားလေးပါ။ မင်းသားကလည်း Shutter ကားထဲက ထိုင်းမင်းသား၊ ဒီကားထဲမှာ ဆံပင်အရှည်နဲ့ ချည်ထည်အကျီလေးတွေ ဝတ်ပြီး အတော်ကြည့်ကောင်းပါတယ် (ဒါကြောင့် အဲဒီကားကို မိန်းကလေးတွေ ကြည့်ကြတာ)၊ မကြိုက်တာက မင်းသားအသက်ကြီးတဲ့အခန်းမှာ တခြားလူပြောင်းသွားတော့ နည်းနည်းမှ ရုပ်မဆင်တဲ့ တရုပ်ကြီးလား ဘာလားမသိဘူး ဖြစ်သွားတယ်။ ငယ်ငယ်တုန်းက နှာခေါင်းချွန်ရာကနေပြီး လူကြီးဖြစ်သွားတော့ နှာခေါင်းပွပွနဲ့ ရုပ်ကဆိုးသွားတယ် (ကိုယ်က မင်းသားကို သေချာကြည့်နေတော့ သိနေတယ)။ မင်းသမီးကတော့ ငယ်ဘဝမှာ တစ်ယောက်၊ ကြီးဘဝမှာ တစ်ယောက်ပေမဲ့ ရုပ်ဆင်ပါတယ် (တရုတ်မခြင်း တူလို့ ထင်တယ်) Li-Ann အသက်ကြီးတဲ့ အခန်းမှာ သရုပ်ဆောင်တဲ့ မင်းသမီးကြီးက သရုပ်ဆောင် တော်တော်ကောင်းပါတယ်။ Hollywood က တရုတ်မင်းသမီးလို့ ရေးထားတယ်။

အဲဒီကားထဲမှာ တရုတ်ပြက္ခဒိန် စာမျက်နှာလေးတွေ လှန်လိုက်တိုင်း English quotes လေးတွေ တစ်ခု တစ်ခု ပြတာလေးကို သဘောကျတယ်။ ဒီ quotes တွေထဲမှာမှ နောက်ဆုံးခန်းက တစ်ခုကို သဘောကျလို့ ကောင်းကောင်းမှတ်မိလိုက်တယ်။

If you are not too long, I will wait for you all my life. (Oscar Wilde)

နောက်တစ်ခုက မင်းသမီးက မင်းသားကို တွေ့တွေ့ချင်းအခန်းမှာ ရေးပေးတဲ့ စာလေးကို သဘောကျတယ်။

A Saint once decreed
that a man must agree
to a woman’s proposal today
Give me a sign
whether to meet me at Eight
at the same place you sit
and fulfill the tradition of February 29

ဒီကားထဲမှာ သီချင်းအများစုကို Singapore မှာမွေး US မှာ ကြီးတဲ့ အဆိုတော်မ Corrinne May ရဲ့ သီချင်းတွေကို သုံးထားပါတယ်။ တချို့သီချင်းလေးတွေ နားထောင်ကြည့်လို့ရအောင် share ပေးလိုက်ပါတယ်။ ဒီကားထဲက သီချင်းလေးတွေကို ကြိုက်လို့ ရုပ်ရှင်ကြည့်အပြီးမှာ လိုက်ရှာနားထောင် ရင်း Corrinne May ရဲ့ Album တွေ ပြန်နားထောင် ဖြစ်လိုက်သေးတယ်။

The Birthday Song - Corrinne May
Scars (Stronger For Life) - Corrinne May
Little Superhero Girl - Corrinne May
Baby Girl - Innervoice
Merry Christmas Mr. Lawrence-  Ryuichi Sakamoto (ကြော်ငြာနောက်ခံတီးလုံး)

Blog of Corrinne May: Corrinne’s Musings - A singer-Songwriter’s Life

တိုက်တိုက်ဆိုင်ဆိုင် ဆိုရမလား …. ကျွန်မရဲ့ ဒီ LanOLay ပေါ်က Emotional Corner Blog ကို စတင်တဲ့နေ့ကလဲ 29th Feb 2008 ဖြစ်လို့နေတယ်။


Author: မေ
Apr 20
Digg
Stumbleupon
Technorati
Delicious

နားလည်မှုလေး မင်းမပေးသရွေ့ကွယ်

ကိုယ့်အပေါ် တကယ် မင်းနားလည်ရင်
ဘဝမှာလေ လိုအင် အကုန်လုံး ပြည့်စုံ
အချစ်တစ်ခုထဲနဲ့ အရဲစွန့် လဲလှယ်နိုင်တယ်
အနစ်နာခံဖို့ ဆုံးဖြတ်ဝံ့တယ်

အိပ်မက်ဆိုတာ အလိုဆန္ဒရဲ့ခြေရာ
မျှော်လင့်ခြင်းဟာလေ မမြင်နိုင်တဲ့ လမ်းကလေး
ကိုယ့်စိတ်ကူးနဲ့ တိတ်တဆိတ်လျှောက်နေပါမယ်
နားလည်မှုလေး မင်းမပေးသရွေ့ကွယ်

စိတ်ကူးယဉ်သူ အချစ်ရူးလေးပါကွယ်
မင်းအပေါ်မှာ အကြင်နာ အကုန် ပေးခဲ့ပါတယ်
ကိုယ့်နှလုံးသားလေးထဲ ရှိသမျှ အစွမ်းကုန်ပဲပေါ့
အသက်ရှင်နေသရွေ့ အဆုံးမရှိချစ်မယ်

ဘာကြောင့်များလဲ ဘာကြောင့်များလဲ ဘာကြောင့်များလဲ
ကြင်နာတဲ့သူအပေါ်မှာ မင်းကနားမလည်
ဘယ်တော့များလဲ ကိုယ်စောင့်စားရင်း တထိတ်ထိတ်နဲ့ကွယ်
တစ်ချိန်ချိန်မှာကွယ် ဝေးသွားမှာ စိုးတယ် …

ကိုယ့်အပေါ် တကယ် မင်းနားလည်ရင်
ဘဝမှာလေ လိုအင် အကုန်လုံး ပြည့်စုံ
အချစ်တစ်ခုထဲနဲ့ အရဲစွန့် လဲလှယ်နိုင်တယ်
အနစ်နာခံဖို့ ဆုံးဖြတ်ဝံ့တယ်

စိတ်ကူးယဉ်သူ အချစ်ရူးလေးပါကွယ်
မင်းအပေါ်မှာ အကြင်နာ အကုန် ပေးခဲ့ပါတယ်
ကိုယ့်နှလုံးသားလေးထဲ ရှိသမျှ အစွမ်းကုန်ပဲပေါ့
အသက်ရှင်နေသရွေ့ အဆုံးမရှိချစ်မယ်

ဘာကြောင့်များလဲ ဘာကြောင့်များလဲ ဘာကြောင့်များလဲ
ကြင်နာတဲ့သူအပေါ်မှာ မင်းကနားမလည်
ဘယ်တော့များလဲ ကိုယ်စောင့်စားရင်း တထိတ်ထိတ်နဲ့ကွယ်
တစ်ချိန်ချိန်မှာကွယ် ဝေးသွားမှာ စိုးတယ် …

အိပ်မက်ဆိုတာ အလိုဆန္ဒရဲ့ခြေရာ
အတွေးကမ္ဘာမှာ မမြင်နိုင်တဲ့ လမ်းကလေး
ကိုယ့်စိတ်ကူးနဲ့ တိတ်တဆိတ်လျှောက်နေပါမယ်
နားလည်မှုလေး မင်းမပေးသရွေ့ကွယ် ….
နားလည်မှုလေး မင်းမပေးသရွေ့ကွယ် ….

နားလည်မှုလေး မင်းမပေးသရွေ့ကွယ် (တင်ဇာမော်)


Author: မေ
Apr 17
Digg
Stumbleupon
Technorati
Delicious

Is it Happy New Year ????

My friends wish me happy new year today. I also want to say happy new year and blur blur also… At first I thought I’ll do good things on this special day. I’ll get up early and go monestry and take sabbath and keep thi-la. I’ll throw my old bad habits and mind.  Also I planned to restart my new Blog and write some memorial things today. Yesterday I edit some of my old posts in draft and published. But my plans are gone. Like last year, today is bad day for me. I hope more but I got just negligence. I felt sorry and cry since i woke up this morning. Moreover, my laptop hard disk is gone and feel sad and sad again …….

 I’m sorry … I try not to write sad things but I dont know where do I speak out loud.

now feeling bad, upset, sad, helpless, hungry, headache, angry and all bad things… wanna rest. Am i too weak?

Let me wishing A Very Happy Myanmar New Year to u all!!!!!!!!

 


Author: မေ
Apr 13
Digg
Stumbleupon
Technorati
Delicious

သင်္ကြန်စာ

သင်္ကြန်တစ်နှစ်တော့ ရောက်ခဲ့ပြန်ပြီ။ မနှစ်က အိမ်ပြန်မဲ့ကိစ္စ ပြေးလွှားလှုပ်ရှားနေရတာနဲ့ သင်္ကြန်ကို နည်းနည်းလေးမှ မခံစားခဲ့နိုင်ဘူး။ ဒီနှစ်တော့ သင်္ကြန်မတိုင်ခင် သင်္ကြန်နဲ့ ပတ်သက်တဲ့ စာတွေဖတ်ရ၊ သီချင်းတွေ နားထောင်ရနဲ့ သင်္ကြန်ပိုးက နည်းနည်း ပြန်ဝင်လာတယ်။ Burmese Classic ကတင်ထားတဲ့ မပြည့်မစုံ သင်္ကြန်မိုး ရုပ်ရှင် ကြည့်ဖြစ်တယ်။ သီချင်းခွေတွေ ပြန်နားထောင်တယ်။ Remix ခွေတွေကြည့်၊ ပိတောက်ပန်းနဲ့ ရေပက်ကြတဲ့ ပုံဟောင်းလေးတွေ ပြန်ရှာကြည့်မိတယ်။ သင်္ကြန်ကို လွမ်းတယ်ဆိုရင် ဘာလွမ်းလဲဆိုတော့ ရေပက်တာ ကစားတာတွေ ဒီလောက် မလွမ်းပါဘူး။ အရင်ကလဲ အိမ်မှာပဲ စာအုပ်တွေနဲ့ နေပြီး လည်ပတ်ဆော့ကစားနေလေ့ မရှိတော့ သင်္ကြန်ဆိုရင် အိမ်မှာထိုးတဲ့ အတာအိုး၊ မွှေးနေတဲ့ ပိတောက်ပန်းရနံ့တွေ၊ TV ကလာတတ်တဲ့ သင်္ကြန်မိုး အစရှိတဲ့ ရုပ်ရှင်တွေ၊ သင်္ကြန် ယိမ်အကတွေ၊ နှစ်ဆန်းတစ်ရက်မှာ လမ်းပိတ်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတာတွေ သတိရစရာ ရှိပါတယ်။ သင်္ကြန်မှာ ဘာသတိအရဆုံးလဲ မေးရင်တော့ သင်္ကြန်စာတွေပါပဲ။ သင်္ကြန်စာဆိုတာ ပုဏ္ဏားတွေရေးတဲ့ မဟာသင်္ကြန်စာတော့ မဟုတ်ဘူးနော်၊ မုန့်လုံးရေပေါ် ရွှေရင်အေး အစရှိတဲ့ သင်္ကြန် အိမ်မှာ အမြဲလုပ်စားနေကျ မြန်မာမုန့်တွေ ပြောတာပါ။ အိမ်မှာ အများအားဖြင့် လုပ်စားတတ်တာ ငှက်ပျောသီးအုန်းနို့စမ်း၊ ကျောက်ကျော၊ ကန်စွန်းဥသာကူ၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေးတွေပါပဲ၊ အနီးအနားအိမ်တွေကလဲ မုန့်လာပို့တတ်တော့ သင်္ကြန်ဆို မုန့်စုံနေအောင် စားရပါတယ်။ ဒီနှစ် သင်္ကြန်မကျခင်ကတည်းက ရွှေရင်အေး နဲ့ မုန့်လုံးရေပေါ် စားချင်စိတ်က တော်တော်ကို ပြင်းပြနေတာ။ အင်းလေးက S$ 4 တန် so called ရွှေရင်အေးနဲ့လဲ မရ၊ Golden Mile ယိုးဒယားဆိုင်က ယိုးဒယား ရွှေရင်အေးနဲ့လဲ မတင်းတိမ်ပဲ အုန်းနို့ရည်မှာ မုန့်လက်ဆောင်းဖတ်၊ အုန်းနို့်ကျောက်ကျော သာကူ၊ ကောက်ညှင်းပေါင်း၊ မျှော့ချောင်းလေးတွေ ပါတဲ့ မြန်မာ ရွှေရင်အေး စစ်စစ်ကို သောက်ချင် စားချင်စိတ်က တော်တော်ကို ဆိုးနေတာ။ နောက်ပြီး အထဲက ထညက်ခဲ ကြီးကြီးလေးပါတဲ့၊ မုန့်နှစ် ဖွေးဖွေးလေးနဲ့လုံးထားတဲ့ မုန့်လုံးရေပေါ်ကို အပေါ်က အုန်းသီးတွေဖြူးပြီး စားချင်နေခဲ့တယ်။

ဒီနေ့တော့ အဲဒီ စားချင်သောက်ချင်နေတဲ့ ဆန္ဒပြည့်ဝသွားပါတယ်။ Tiong Bahru Mrt နားက SMC တရားရိပ်သာမှာ မြန်မာနှစ်ကူး တရားပွဲနဲ့ စတုဒီသာကျွေးပွဲကို သူငယ်ချင်းခေါ်လို့ ရောက်သွားပြီး တရားလည်းနာ၊ စားချင်နေတဲ့ မြန်မာမုန့်တွေလဲ အဝ စားခဲ့ရတယ် (အဓိက ရည်ရွယ်ချက် က ဒါထင်တာပဲ  :P ) ။ Toa Payoh, Eunos ဘုန်းကြီးကျောင်းတွေလို လူသိပ်မများပဲ စတုဒီသာ အလှူရှင်တွေလည်း များတော့ အရမ်းတိုးကြိတ်စရာမလိုပဲ စားချင်တဲ့ မုန့်တွေ အေးအေးဆေးဆေးနဲ့ အဝစားရလို့ ဒီသင်္ကြန်မှာ ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်း ကျသွားပြီ။ ကင်မရာ မယူသွားလို့ ဓာတ်ပုံတော့ မရိုက်ခဲ့ရဘူး။ ယူသွားလဲ ကိုယ်တစ်ယောက်တည်း မုန့်ပန်းကန်တွေကို ဓာတ်ပုံရိုက်နေရင် အူကြောင်ကြောင် ဖြစ်နေမှာ အသေအချာပဲ။ လက်လှမ်းမှီသလောက် စားခဲ့တာတွေက ကြာဇံချက်၊ ဒန်ပေါက်၊ နန်းကြီးသုတ်၊ မုန့်လုံးရေပေါ်၊ ကောက်ညှင်းပေါင်း၊ ငှက်ပျောပေါင်း၊ ရွှေရင်အေး၊ ဆေးကုလားမနဲ့ ကျောက်ကျောရည်။ သိပ်တော့ မများလှပါဘူးနော်။ ဒီလို စုံစုံစားနိုင်အောင် ပွဲတိုင်းကို တစ်ပွဲပဲ ယူပြီး သူငယ်ချင်းနဲ့ နှစ်ယောက်စားပါတယ်။ ဒါတောင် ရွှေခြည်ဆနွင်းမကင်း၊ မုန့်ဖက်ထုပ်၊ လက်ဖက်ရည်၊ ခေါက်ဆွဲသုတ်၊ သာကူနဲ့ တခြား မစားနိုင်တော့တာတွေလဲ အများကြီး။ ပြန်တော့ ဗိုက်တော်တော်လေးပြီး မနည်းထပြန်ရပါတယ်။ စားထားသောက်ထားတာလဲ နည်းမှမနည်းတာကို။ ကိုယ့်ကိုယ်ကိုတောင် အံ့သြမိတယ်။

ရွှေရင်အေး     မုန့်လုံးရေပေါ်  

  မုန့်ဖက်ထုပ်      ဆနွင်းမကင်း

ဘုန်းကြီးကျောင်းသွားတာ ရေးလိုက်တာ နာခဲ့ရတဲ့ တရားအကြောင်း ဘာမှမပါပဲ အစားအသောက်အကြောင်းပဲ ဖြစ်နေပြီ။ တရားက နာပြီးတော့ မေ့သွားလို့ပါ။ အစားအသောက်ကတော့ တစ်နှစ်ပတ်လုံး မေ့မှာမဟုတ်တာ သေချာတယ်။ တစ်ခါတလေ ဒီမှာ မြန်မာထမင်းဆိုင်တွေရှိသလို မြန်မာမုန့်မျိုးစုံရောင်းတဲ့ ဆိုင်တစ်ဆိုင်လောက်လည်း ရှိရင် ကောင်းမှာပဲ တွေးမိတယ်။ လွယ်တော့မလွယ်ပါဘူး။ မုန့်ဆိုတာ လုပ်ရတာ လက်ဝင်က ဝင်နဲ့။ မကုန်ရင်လဲ ပုတ်သိုးကုန်မှာ၊ စီးပွားသိပ်ကိုက်မယ် မထင်ပါဘူး။ တစ်ခါလေ ဗမာမုန့်ဗတွ စားချင်လာရင် ရွှေပုဇွန်က ငှက်ပျောပေါင်းလေး Peninsula Plaza မှာ သွားဝယ်စားလိုက်တယ်။ အရင်က အင်းလေးက ဖာလူဒါ ကောင်းတယ်။ ခုနောက်ပိုင်း ဈေးကလဲ တက်လာပြီး အရသာလဲ မကောင်းတော့လို့ မသောက်ဖြစ်တော့ဘူး။

မှတ်မှတ်ရရ ဒီနေ့ သင်္ကြန်အကျနေ့။ မနှစ်က ဒီလို နေ့ရက်မှာ မဖိတ်ခေါ်ရပဲ ရောက်လာတဲ့ ရွှေဧည့်သည်တစ်ယောက်ကို ထမင်းလိုက်ကျွေးနေတဲ့ချိန်ပေါ့။ အဲဒီချိန်တုန်းကတော့ နောက်တစ်နှစ်လောက်မှာ ကိုယ့်ချစ်သူ ဖြစ်လာလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။
ရုပ်ရှင်တွေထဲကလို စာတန်းထိုးနဲ့ တစ်နှစ်ခန့်ကြာသော် …..


Author: မေ